" အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း"
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ ဆောက်လုပ်ရေးလုပ်ငန်း ဆောက်လုပ်လိုပါ၍ လုပ်ငန်းဆောင်ရွက်လိုသည့် တရားဝင် အသိအမှတ်ပြု (လိုင်စင်ရအဖွဲ့အစည်း/ကုမ္ပဏီ)များထံမှ အိတ်ဖွင့်တင်ဒါခေါ်ယူကြောင်း ကြေညာ အပ်ပါသည်။
(၁) ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်း
(Blade Wire အပါ) မြေဝင် ၄ ပေ၊ မြေပေါ် ၈ ပေ ၊ အရှည် (၉၇၀ ပေ)
အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်တွင် (၁၀-၅-၂၀၂၂)ရက်နေ့မှ (၁၇-၅-၂၀၂၂)ရက်နေ့အထိ ရောင်းချမည် ဖြစ်ပါသည်။ တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ရုံးချိန်အတွင်း (တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ) တယ်လီဖုန်းအမှတ် - (၀၁-၆၄၅၇၅၃၊ ၀၁-၆၄၅၇၄၆ ) ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။