" အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း "
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါ ပစ္စည်းများဝယ်ယူလိုပါ၍ တရားဝင်အသိအမှတ်ပြုလိုင်စင်ရ ကုမ္ပဏီများ၊ အရောင်း ဆိုင်များထံမှ အိတ်ဖွင့်တင်ဒါခေါ်ယူကြောင်း ကြေညာအပ်ပါသည်။
(၁) ဆေးဘက်ဆိုင်ရာသင်တန်းသုံးပစ္စည်းများ
(၂) လျှပ်စစ်သုံး(Work) ပစ္စည်းများ
(၃) လျှပ်စစ်သုံး((Office) ပစ္စည်းများ
(၄) ရုံးသုံးစက်ပစ္စည်းများ
(၅) ရုံးသုံးပရိဘောဂပစ္စည်းများ
(၆) အရပ်ရပ်သုံးပစ္စည်းများ
အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ရန်ကုန်တွင် (၁၀-၅-၂၀၂၂)ရက်နေ့မှ (၃၁-၅-၂၀၂၂)ရက်နေ့အထိ ရောင်းချမည် ဖြစ်ပါသည်။ တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ ရန်ကုန် တင်ဒါကော်မတီအတွင်းရေးမှူး တယ်လီဖုန်းအမှတ် - ( ၀၁-၆၄၅၇၅၃၊ ၀၁-၆၄၅၇၄၆ )ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။